Catholic University of America (USA)

အထူးပြုဘာသာရပ် - လျှပ်စစ်နှင့် အီလက်ထရောနစ်အင်ဂျင်နီယာ

အင်္ဂလိပ်စာ အရည်အချင်း သတ်မှတ်ချက် - IELTS 6.0 နှင့် အထက်

ဤတက္ကသိုလ်သို့ ပြောင်းရွေ့သင်ကြားနိုင်ရန် လိုအပ်သော GPA သတ်မှတ်ချက် - 6.0 နှင့် အထက်

သင်ကြားရမည့် နေရာ - ပထမ စာသင်နှစ်(၂)နှစ်အတွက် ဘတ်ခွာတက္ကသိုလ်

နေထိုင်မှု စရိတ် - တစ်လ ဒေါ်လာ ၁၂၀၀ မှ ၁၅၀၀

 

ခြုံငုံသုံးသပ်ခြင်း

၁၈၈၇ ခုနှစ်တွင် Pope Leo VIII ၏ ထောက်ပံ့မှုဖြင့် စတင်တည်ထောင်ခဲ့ပြီး ဘွဲ့လွန်သင်တန်းများကိုသာ ဦးစွာသင်ကြားပေးခဲ့ပါသည်။ ၁၉၀၄ ခုနှစ်မှ စ၍ ဘွဲ့ကြိုသင်တန်းများကိုပါ သင်ကြားပေးခဲ့ပါသည်။ ဘာသာရပ်အလိုက် သီးခြား စာသင်ဆောင်များ၊ စာကြည့်တိုက်များ၊ ဓာတ်ခွဲခန်းများနှင့် လူနေဆောင်များကို ပိုင်ဆိုင်ထားပြီး အဓိကဘာသာရပ် ၁၂ ခုအတွက် ကြီးမားသော သုသေတနစင်တာ ၂၁ ခုကို ပိုင်ဆိုင်ထားပါသည်။ စစ်တုရင်၊ စားပွဲတင်တင်းနစ်၊ ဘောလုံး စသည့် ကျောင်းသူကျောင်းသားများကိုယ်တိုင် ဖွဲ့စည်းထားသည့် အားကစားဆိုင်ရာ အဖွဲ့အစည်း များစွာ ရှိပါသည်။ ကျောင်းသားရေးရာ ၀န်ဆောင်မှုစင်တာမှ ကျောင်းသူကျောင်းသားများ၏ လိုအပ်ချက်များကို အကောင်းဆုံး ဖြည့်ဆည်းပေးပြီး အလုပ်လုပ်ကိုင်လိုသူများအတွက် အလုပ်အကိုင်များကိုပါ ရှာဖွေပေးပါသည်။ နေထိုင်မှုစရိတ်မှာမူ semester တစ်ခုစာအတွက် ကျောင်းသားတစ်ဦးလျှင် ဒေါ်လာ ၃၀၀၀ မှ ၅၀၀၀ အထိ ကျသင့်ပါသည်။ လျှပ်စစ်နှင့် အီလက်ထရောနစ်အင်ဂျင်နီယာဘာသာရပ်တွင် ဘတ်ခွာတက္ကသိုလ်နှင့် လက်တွဲဆောင်ရွက်လျက်ရှိပါသည်။

 

Catholic University of America အကြောင်း အသေးစိတ် သိရှိလိုပါက www.cua.edu တွင် ၀င်ရောက်ဖတ်ရှုနိုင်ပါသည်။

 

CUA 3e278

 


alt

DMC Firewall is a Joomla Security extension!