University of Illinois at Springfield (USA)

အထူးပြုဘာသာရပ် - စီးပွားရေး စီမံခန့်ခွဲမှု

အင်္ဂလိပ်စာ အရည်အချင်း သတ်မှတ်ချက် - IELTS 6.0 နှင့် အထက်

ဤတက္ကသိုလ်သို့ ပြောင်းရွေ့သင်ကြားနိုင်ရန် လိုအပ်သော GPA သတ်မှတ်ချက် - 6.0 နှင့် အထက်

သင်ကြားရမည့် နေရာ - ပထမ စာသင်နှစ်(၂)နှစ်အတွက် ဘတ်ခွာတက္ကသိုလ်

နေထိုင်မှု စရိတ် - တစ်လ ဒေါ်လာ ၈၀၀ မှ ၁၂၀၀

ခြုံငုံသုံးသပ်ခြင်း

၁၉၆၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိအချိန်တွင် ကျောင်းသူကျောင်းသားပေါင်း ၄၉၀၀ ကျော် တက်ရောက်ပညာသင်ကြားလျက်ရှိပါသည်။ ဆရာဆရာမပေါင်း ၂၂၀ ခန့်က သင်ကြားပေးလျက်ရှိပြီး သင်ကြားရေး ထိရောက်စေရန်အတွက် ကျောင်းသူကျောင်းသား ၁၂ ယောက်လျှင် ဆရာဆရာမ ၁ ယောက်နှုန်းဖြင့် အချိုးကျ သင်ကြားပေးပါသည်။ ပြည်တွင်းနှင့် နိုင်ငံတကာ ကျောင်းသူကျောင်းသားများအတွက် လေ့လာသင်ယူမှု အကောင်းဆုံးဖြစ်စေရန် ကျောင်းပတ်ဝန်းကျင်ကို အကောင်းဆုံးဖန်တီးပေးထားပါသည်။ ကျောင်းသားများ၏ အနာဂတ်အောင်မြင်မှုအတွက် လိုအပ်သော ဗဟုသုတ၊ အသိပညာ၊ အတတ်ပညာများကို သင်ကြားပေးပါသည်။ ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကတ်ဘော၊ တင်းနစ် စသည့် အားကစားဆိုင်ရာ အဖွဲ့အစည်း အများအပြား ရှိသည့်အပြင် ကျောင်းပြင်ပလှုပ်ရှားမှုများကိုလည်း ကျင်းပပေးလေ့ရှိပါသည်။ နေထိုင်မှု စရိတ်သည် တစ်လလျှင် ဒေါ်လာ ၈၀၀ မှ ၁၀၀၀ ၀န်းကျင် ကျသင့်ပါသည်။ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု ဘာသာရပ်တွင် ဘတ်ခွာတက္ကသိုလ်နှင့် လက်တွဲဆောင်ရွက်လျက်ရှိပါသည်။

 

University of Illinois at Springfield အကြောင်း အသေးစိတ် သိရှိလိုပါက www.uis.edu တွင် ၀င်ရောက်ဖတ်ရှုနိုင်ပါသည်။

 

UIS 7f7a1

 

 

 

 

 

 

 

 

 

Our website is protected by DMC Firewall!