The University of Adelaide (Australia)

အဆင့်သတ်မှတ်ချက် - ကမ္ဘာ့ထိပ်ဆုံး ၁၅၀ စာရင်းဝင်

အထင်ကရ အချက် - Go8 အသင်းဝင်ဖြစ်ခြင်း

အထူးပြုဘာသာရပ် - ရေနံအင်ဂျင်နီယာ၊ ဓာတုအင်ဂျင်နီယာ၊ ဆေးဝါးကျွမ်းကျင်အင်ဂျင်နီယာ

အင်္ဂလိပ်စာ အရည်အချင်း သတ်မှတ်ချက် - IELTS 6.0 နှင့် အထက်

ဤတက္ကသိုလ်သို့ ပြောင်းရွေ့သင်ကြားနိုင်ရန် လိုအပ်သော GPA သတ်မှတ်ချက် - 6.0 နှင့် အထက်

သင်ကြားရမည့် နေရာ - ပထမ စာသင်နှစ်(၂)နှစ်အတွက် ဘတ်ခွာတက္ကသိုလ်

နေထိုင်မှုစရိတ် - တစ်လ ဒေါ်လာ ၈၀၀ မှ ၁၂၀၀

 

ခြုံငုံသုံးသပ်ခြင်း

  • ၁၈၇၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး သြစတြေးလျနိုင်ငံ အက်ဒီလိတ်စီးတီးတွင် တည်ရှိပါသည်။
  • နိုင်ငံပိုင်တက္ကသိုလ်ဖြစ်ပြီး ဘာသာရပ်အလိုက် စာသင်ဆောင်အများအပြား ပိုင်ဆိုင်ထားပါသည်။
  • သြစတြေးလျနိုင်ငံသား နိုဘယ်လ်ဆုရှင် ၈ ဦးရှိသည့်အနက် ၅ ဦးကို၎င်း၊ ပထမဆုံး သြစတြေးလျနိုင်ငံသား အာကာသယာဉ်မှူးကို၎င်း မွေးထုတ်ပေးနိုင်ခဲ့ပါသည်။
  • နိုင်ငံပေါင်း ၈၈ နိုင်ငံမှ ကျောင်းသူကျောင်းသား ၄၀၀၀ ခန့်အပါအ၀င် ကျောင်းသူကျောင်းသား စုစုပေါင်း ၂၀၀၀၀ ခန့် တက်ရောက်လျက်ရှိပြီး ၀န်ထမ်းဦးရေမှာ ၂၄၀၀ ခန့် ရှိပါသည်။
  • ကျောင်းဆောင်ပုဒ်မှာ “Light of learning under the cross” ဖြစ်ပါသည်။
  • ရေနံအင်ဂျင်နီယာဘာသာရပ်တွင် ဘတ်ခွာတက္ကသိုလ်နှင့် လက်တွဲဆောင်ရွက်လျက်ရှိပါသည်။

 

University of Adelaide အကြောင်း အသေးစိတ် သိရှိလိုပါက www.adelaide.edu.au တွင် ၀င်ရောက်ဖတ်ရှုနိုင်ပါသည်။

 

Adelaide a7e35

 

 

 

DMC Firewall is a Joomla Security extension!