The University of Queensland (Australia)

အဆင့်သတ်မှတ်ချက် - ကမ္ဘာ့အဆင့် (၄၆)

အထင်ကရ အချက် - Go8 အသင်းဝင်ဖြစ်ခြင်း

အထူးပြုဘာသာရပ် - လျှပ်စစ်နှင့် အီလက်ထရောနစ် အင်ဂျင်နီယာ၊ သတင်းအချက်အလက်ဆိုင်ရာ နည်းပညာ၊ ဆောပ့်ဝဲအင်ဂျင်နီယာ

အင်္ဂလိပ်စာ အရည်အချင်း သတ်မှတ်ချက် - IELTS 6.0 နှင့် အထက်

တက္ကသိုလ်သို့ ပြောင်းရွေ့သင်ကြားနိုင်ရန် လိုအပ်သော GPA သတ်မှတ်ချက် - 6.0 နှင့် အထက်

သင်ကြားရမည့် နေရာ - ပထမ စာသင်နှစ်(၂)နှစ်အတွက် ဘတ်ခွာတက္ကသိုလ်

နေထိုင်မှု စရိတ် - တစ်လ ဒေါ်လာ ၁၅၀၀ မှ ၂၀၀၀

 

ခုံငုံသုံးသပ်ခြင်း

  • ၁၉၀၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။
  • သြစတြေးလျနိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်ပြီး သြစတြေးလျနိုင်ငံ၏ ပညာရေးဆိုင်ရာ အဖွဲ့အစည်းကြီးဖြစ်သည့် Go8(Group of Eight)တွင် အဖွဲ့ဝင်တစ်ခုအဖြစ် ပါဝင်လျက်ရှိသည်။
  • နိုင်ငံပေါင်းစုံမှ ကျောင်းသူကျောင်းသား ၈၈၀၀ ခန့်အပါအ၀င် ကျောင်းသူကျောင်းသား စုစုပေါင်း ၄၀၅၀၀ ခန့် တက်ရောက်လျက်ရှိသည်။
  • စာကြည့်တိုက် ၁၄ ခု၊ စာအုပ်ပေါင်း ၂.၅ သန်း၊ ကွန်ပျူတာအလုံး ၁၈၀၀၀၊ စာသင်ခန်း ၁၉၅၅ ခန်း ပိုင်ဆိုင်ထားပါသည်။
  • ဥပဒေကျောင်းသားများအဖွဲ့၊ ဆောက်လုပ်ရေးဆိုင်ရာ ကျောင်းသားများအဖွဲ့စသည်ဖြင့် ဘာသာရပ်အလိုက် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများအပြင် အိန္ဒိယကျောင်းသားများအဖွဲ့၊ မလေးရှားကျောင်းသားများအဖွဲ့ စသည်ဖြင့် နိုင်ငံအလိုက် ကျောင်းသူကျောင်းသားများ ကိုယ်တိုင်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းပေါင်း ၁၅၀ ကျော်နှင့် ဘောလုံး၊ ရေကူး၊ မြင်းစီးစသည်ဖြင့် အားကစားဆိုင်ရာ အဖွဲ့အစည်းပေါင်း ၃၃ ခုခန့် ရှိပါသည်။
  • ကျန်းမာရေးဆိုင်ရာ ၀န်ဆောင်မှု၊ ကလေးစောင့်ရှောက်ရေး ၀န်ဆောင်မှု စသည်ဖြင့် ကျောင်းသူကျောင်းသားများကို အကျိုးပြုသော ၀န်ဆောင်မှု များစွာကို စီစဉ်ပေးပါသည်။
  • သတင်းအချက်အလက်ဆိုင်ရာ နည်းပညာဘာသာရပ်(Information Technology)တွင် ဘတ်ခွာတက္ကသိုလ်နှင့် လက်တွဲဆောင်ရွက်လျက်ရှိပါသည်။

 

University of Queensland အကြောင်း အသေးစိတ် သိရှိလိုပါက www.uq.edu.au တွင် ၀င်ရောက်ဖတ်ရှုနိုင်ပါသည်။

 

Queensland 1b301

 

Our website is protected by DMC Firewall!