UNIVERSITY OF TECHNOLOGY - SYDNEY (AUSTRALIA)

 အဆင့်သတ်မှတ်ချက် - ကမ္ဘာ့ထိပ်ဆုံး ၂၅၀ စာရင်းဝင်

အထူးပြုဘာသာရပ် - စက်မှုလျှပ်စစ်အင်ဂျင်နီယာ

အင်္ဂလိပ်စာ အရည်အချင်း သတ်မှတ်ချက် - IELTS 6.0 နှင့် အထက်

ဤတက္ကသိုလ်သို့ ပြောင်းရွေ့သင်ကြားနိုင်ရန် လိုအပ်သော GPA သတ်မှတ်ချက် - 6.0 နှင့် အထက်

သင်ကြားရမည့် နေရာ - ပထမ စာသင်နှစ်(၂)နှစ်အတွက် ဘတ်ခွာတက္ကသိုလ်

နေထိုင်စားသောက်မှု စရိတ် - တစ်လ ဒေါ်လာ ၁၀၀၀ မှ ၁၂၀၀

 

ခြုံငုံသုံးသပ်ခြင်း

  • ၁၉၆၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။
  • သြစတြေးလျနိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၃၇ နိုင်ငံမှ တက္ကသိုလ်ပေါင်း ၂၀၀ ခန့်ဖြင့် လက်တွဲဆောင်ရွက်လျက်ရှိပါသည်။
  • နိုင်ငံပေါင်း ၁၅၅ နိုင်ငံမှ ကျောင်းသူကျောင်းသား ၇၅၀၀ ခန့်အပါအ၀င် ကျောင်းသူကျောင်းသား စုစုပေါင်း ၃၀၀၀၀ ခန့် တက်ရောက်လျက်ရှိသည်။
  • ကျောင်းသူကျောင်းသားများ ကိုယ်တိုင်ဖွဲ့စည်းထားသည့် သင်ရိုးပြင်ပလှုပ်ရှားမှု အဖွဲ့အစည်းပေါင်း ၇၀ ခန့်ရှိပါသည်။
  • ၂၀၁၂ ခုနှစ်တွင် QS အဆင့်သတ်မှတ်ချက်၌ သုတေသနပြုလုပ်မှု အပိုင်း၊ သင်ကြားမှု အပိုင်း၊ ကျောင်းသုံးပစ္စည်းများ ကောင်းမွန်မှု အပိုင်းတို့တွင် ကြယ်ငါးပွင့်အဆင့်အဖြစ် အသိအမှတ်ပြု ခံခဲ့ရပါသည်။
  • ၂၀၁၃ ခုနှစ် QS အဆင့်သတ်မှတ်ချက်တွင်လည်း သတင်းအချက်အလက်ဆိုင်ရာ နည်းပညာနှင့် ကွန်ပျူတာ သိပ္ပံဘာသာရပ်များ၌ ကမ္ဘာ့အဆင့် ၁၀၀ စာရင်းထဲတွင် ပါဝင်နိုင်ခဲ့ပါသည်။
  • စက်မှုလျှပ်စစ်အင်ဂျင်နီယာဘာသာရပ်တွင် ဘတ်ခွာတက္ကသိုလ်နှင့် လက်တွဲဆောင်ရွက်လျက်ရှိပါသည်။

 

University of Technology, Sydney အကြောင်း အသေးစိတ် သိရှိလိုပါက www.uts.edu.au တွင် ၀င်ရောက်ဖတ်ရှုနိုင်ပါသည်။

 

 

 

UTS 875a9

uts map

 

20UTS5111411111 51301

 

uts 02

 

uts 03

 

uts 04

 

DMC Firewall is a Joomla Security extension!