HCERES မှ ဘတ်ခွာတက္ကသိုလ်ကို လာရောက်လေ့လာအကဲဖြတ်

Monday, 06 March 2017

ပြင်သစ်နိုင်ငံအခြေစိုက် သုတေသနလုပ်ငန်းနှင့် အဆင့်မြင့်ပညာရေးဆိုင်ရာ လေ့လာအကဲခတ်ရေးအဖွဲ့ High Council for Evaluation of Research and Higher Education (HCERES) သည် မတ်လ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ဘတ်ခွါတက္ကသိုလ်ကို လာရောက့်လေ့လာအကဲဖြတ်ခဲ့ကြပါသည်။ ယခုအချိန်အထိ ဥရောပအခြေစိုက် ပညာရေးအကဲဖြတ်အဖွဲ့များ၏ လေ့လာစိစစ်ခြင်းကို လက်ခံရရှိသော ဗီယက်နမ် တက္ကသိုလ်၊ ၄ခုသာ ရှိသေးပြီး ဘတ်ခွာတက္ကသိုလ်သည်လည်း တစ်ခုအပါအ၀င်ဖြစ်ပါသည်။

HCERES Accreditation BKU 2017 1 1b2bc 86689

ဘတ်ခွာတက္ကသိုလ်သည် ပညာရေးဘက်တွင် ဘက်စုံတိုးတက်ဖွံ့ဖြိုးအောင် ကြိုးပမ်လျက်ရှိရာ ABET(USA), AUN-QA(ASEAN)စသည့် ပညာရေးအဖွဲ့အစည်းများထံမှ အသိအမှတ်ပြုလက်မှတ်များလည်း ရရှိထားပြီဖြစ်သည်။ ထို့ပြင် ဘတ်ခွာတက္ကသိုလ်သည် ကမ္ဘာတစ်ဝှမ်းမှ တက္ကသိုလ်အကဲဖြတ်လေ့လာရေးအဖွဲ့များကို ဖိတ်ခေါ်ပြီး ကျောင်း၏ အရည်အသွေးကို အာမခံချက်ရရှိအောင် ဆက်လက်ကြိုးပမ်းလျက်ရှိသည်။

၂၀၁၇ ခုနှစ်အတွင်းတွင် ယခုလာရောက်လေ့လာသည့် အဖွဲ့ HCERES အပြင် AUN-QA မှလည်း စက်တင်ဘာလအတွင်း ဘတ်ခွာတက္ကသိုလ်သို့ လာရောက်ကာ ကျောင်း၏ အရည်အသွေးကို လေ့လာအကဲဖြတ်ကြမည်ဖြစ်သည်။ တက္ကသိုလ်၏ အရည်အသွေး မြင့်တင်ရေးသည် ဘတ်ခွာတက္ကသိုလ်၏ ၂၀၁၆-၂၀၂၀အတွင်း အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များတွင် ဦးစားပေးအစီအစဉ်အဖြစ် ပါဝင်လျက်ရှိပြီး ၂၀၂၀ မတိုင်မှီ မျှော်မှန်းထားသည့် အရည်အသွေး အာမခံချက်များ ရရှိနိုင်အောင် ကြိုးပမ်းလျက်ရှိသည်။

ယခုကဲ့သို့ HCERES အဖွဲ့မှ လာရောက်လေ့လာအကဲဖြတ်နိုင်ရန်အတွက် ယမန်နှစ် အောက်တိုဘာလ ၁၇ ရက်နေ့ ကတည်းက ကြိုတင်ဆက်သွယ်အကြောင်းကြားထားခြင်းဖြစ်ပြီး လိုအပ်သည့် စာရွက်စာတမ်း၊ စာရင်းဇယားများကို ယခုနှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် ထပ်မံပို့ပေးပြီးသည့်နောက်တွင် သက်ဆိုင်ရာ အရာရှိများကိုယ်တိုင် လာရောက် လေ့လာအကဲဖြတ်ကြခြင်းဖြစ်သည်။

ထိုကဲ့သို့ လေ့လာစိစစ်ပြီးသည့်အချိန်တွင် ဘတ်ခွာတက္ကသိုလ်သည် HCERES ပညာရေးအဖွဲ့၏ စည်းမျဉ်းစည်းကမ်း၊ အရည်အသွေးသတ်မှတ်ချက် စံနှုန်းများနှင့် ကိုက်ညီကြောင်း ထောက်ခံမှုရရှိခဲ့သည်။

HCERES Accreditation BKU 2017 2 e7120 3f01a

HCRES ပညာရေးအကဲဖတ်အဖွဲ့သည် ၂၀၁၄ ဇူလိုင်လတွင် စတင်ဖွဲ့စည်းခဲ့ပြီး Eurepean Association for Quality Assurance (ENQA) အဖွဲ့အစည်း၏ တရားဝင် အဖွဲ့ဝင်တစ်ခုလည်းဖြစ်သည်။ ပြင်သစ်နိုင်ငံရှိ တက္ကသိုလ်များအပြင် ကမ္ဘာတစ်ဝှမ်းမှ တက္ကသိုလ်များ၊ အဆင့်မြင့်ပညာသင်ကြားခြင်းများ၏ အရည်အသွေးများကို လေ့လာအကဲဖြတ်သည့် အဖွဲ့ဖြစ်ပါသည်။ စာသင်ကြားခြင်းအပါအ၀င်၊ ကျောင်းအုပ်ချုပ်ရေး၊ ပြင်ပဆက်ဆံရေး၊ လုပ်ငန်းလည်ပတ်မှု၊ ကျောင်းဝန်ထမ်းများ၏ အကျင့်စာရိတ္တ၊ လက်တွေ့သင်ကြားခြင်းစသည့် တက္ကသိုလ်၏ လုပ်ငန်းနယ်ပယ်အသီးသီးကိုပါ လေ့လာစိစစ်ခဲ့ကြပါသည်။

Our website is protected by DMC Firewall!